နောက်ခံသမိုင်းကြောင်း

နောက်ခံသမိုင်းကြောင်းအကျဉ်း

မြောင်းမြပညာရေးကောလိပ်ကို သြဂုတ်လ(၁)ရက်နေ့ 1986 ခုနှစ်တွင် ဆရာအတတ်သင်ကျောင်းအဖြစ် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ပထမဦးဆုံး ကျောင်းအုပ်ကြီးမျာ ဦးဘရှင်ဖြစ်ခဲ့ပါသည်။ သူသည် ဤဆရာအတတ်သင်ကျောင်း၌ 1968 ခုနှစ်ထိတိုင်အောင် ဤဆရာအတတ်သင်ကျောင်း၌ ကျောင်းအုပ်ကြီး(၉)ဦး တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။ ဦးဘရှင်၊ ဦးဘို၊ ဦးတင်ဦး၊ ဦးခွန်ဘရင်၊ ဒေါ်ကြီးမြင့်၊ ဒေါ်နွဲ့ရီ၊ ဒေါ်စုစုလှိုင်၊ ဒေါ်ခင်သန်းရီ၊ ဒေါ်တင်မေဝင်းတို့ ဖြစ်ပါသည်။

ဤဆရာအတတ်သင်ကျောင်းကို မြောင်းမြပညာရေးကောလိပ်အဆင့်(၂)အဖြစ် ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ(၂၇)ရက်နေ့တွင်တိုးမြှင့်ခဲ့ပါသည်။ ပထမဆုံးကျောင်းအုပ်ကြီးမှာ ဒေါ်စန်းမြင့်ဖြစ်ပါသည်။ သူမသည် ၁၉၉၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးတင်စော၊ ဒေါ်အေးအေးမြင့်၊ ဒေါ်သန်းသန်းနိုင်နှင့် ဒေါ်သန်းသန်းဆွေတို့မှ အစဉ်အဆက် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ(၂)ရက်နေ့မှစ၍ လေးနှစ်သင်ပညာရေးစနစ်သစ်သို့ ပြောင်းလဲခဲ့ပြီး ပထမဆုံးကျောင်းအုပ်ကြီးမျာ ဒေါ်သန်းသန်းဆွေ ဖြစ်ပါသည်။ သူမသည် ယနေ့ထိတာဝန်ထမ်းဆောင်ဆဲ ဖြစ်ပါသည်။

တည်နေရာ

ကွင်းအမှတ်(၂၇၅-ခ)၊ ဘုရားချောင်းအရှေ့ကွင်းအုပ်စု၊ အုပ်စုအမှတ်(၁၅)၊ မြကန်သာရပ်ကွက်၊ မြောင်းမြမြို့နယ်တွင် တည်ရှိပါသည်။

အကျယ်အဝန်း

အကျယ်အဝန်းအားဖြင့် (၁၁.၃၅)ဧက ကျယ်ဝန်းပါသည်။